ကော့မှူးမြို့နယ် မွေးမြူရေးဇုန်၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေး ဟောပြောပွဲကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊‌ ကော့မှူးမြို့နယ် မွေးမြူရေးဇုန် အုပ်ချုပ်မှုရှင်းလင်းဆောင်ခန်းမ၌ ယမန်နေ့နံနက်က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့‌ကြောင်း သိသည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး Dr.မင်းညွန့်ဦးမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအကြောင်းအရာများ၊ ဇီဝလုံခြုံမှုနှင့်လုပ်ဆောင်ရမည့်အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မွေးမြူသူများမှသိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)