အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2026
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် (၁/၂၀၂၆) အခြေခံရှေးဦးပြုစုခြင်းသင်တန်းနှင့် အခြေခံဘင်ခရာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Feb 16,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ လုပ်ငန်း(ယာယီ) ရပ်ဆိုင်းထားသော နောင်ချိုမြို့နယ်၊ တောင်ရှည်တိုက်နယ်ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်တရားရုံးအသစ် ဆောင်ရွက်နေမှု၊ အမှတ် (၄) လမ်း ကျောက်စီရေနုတ်မြောင်းနှင့် ပလက်ဖောင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ အခြေခံပညာအထက်တန်းကျောင်းများ၌ စာကြည့်တိုက်အသစ် ဆောက်လုပ်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Feb 16,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာရှိ ဟိန်းစည်စက်သုံးဆီအရောင်းဆိုင်၌ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီ ၂၂ မိနစ်က မော်တော်ယာဉ်ပေါ်မှ 92 ဓာတ်ဆီပေပါအား ဆီလှယ်ရန်ဂေါက်ဖြင့် ဖွင့်နေစဉ် မီးပွင့်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 16,2026
သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်အနီးရှိ ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲတွင် ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲ သြဝါဒါစရိယနှင့် ဂဏဝါစကဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ပရိယတ္တိသာသနာနုဂဟ္ဟအသင်း အကြိမ် (၄၀)မြောက်  စာအောင်ဆုပေးအပ်ခြင်းကို  ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
Feb 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကညင်ကွင်းကျေးရွာအုပ်စု ဝါရုံစုကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းဖွင့်ပွဲအား ယနေ့နံနက် (၁၀) နာရီခွဲက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်ဖွင့်လှစ်ပေးသည်။
Feb 16,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်သည်။
Feb 16,2026
ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးက ဦးဆောင်ကာ အများပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။