အမြို့မြို့အနယ်နယ်သတင်းများ

Feb 11,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
Feb 11,2026
ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ကျ‌‌ရောက်လာပြီဖြစ်ရာ မီးမတော်တဆမှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 11,2026
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာတို့၌ အကျိတ်အနယ်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယ‌‌မန်နေ့ မွန်းလွဲ (၃) နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြိုနယ်၊ အမှတ် (၂၅) ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းတွင် ကျောက်တံတားခရိုင်အသင်းနှင့် သန်လျင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ရာ သန်လျင်ခရိုင်အသင်းက ကျောက်တံတားခရိုင် အသင်းကို (၂) ဂိုး (၁)ဂိုးဖြင့် အနိုင်ရသည်။
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား ၂/၂၀၂၆ လအတွက်‌ နေ့တွက်စရိတ်နှင့် ရိက္ခာစိုငွေများ ပေးအပ်ပွဲကို အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တောင်ပိုင်းရပ်ကွက် ‌မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 11,2026
ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မီး‌ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့မဈေးကြီးအတွင်း လှည့်လည်စစ်ဆေးနေကြောင်း သိရသည်။
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့ နယ်အဖျောက်ကျေးရွာအုပ်စု၌ ငှက်ဖျားဖြစ်နိုင်‌ခြေရှိသော မိသားစုများ၊ အသက် ၅ နှစ်အောက်ရှိသော မိသားစုဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၆၀) နှစ်အထက်ရှိသော မိသားစုဝင်များအား‌ ယနေ့နံနက်က ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌ပေးအပ်ပွဲကို အ‌ဖျောက်ကျေးရွာသုခဝါသတန်ဆောင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
Feb 11,2026
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့၊ အမှတ်၄ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်မှုလေ့ကျင့်ပေးခြင်း၊ မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Feb 11,2026
ငါန်းဇွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထားရှိ‌သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများနှင့် မှတ်တမ်းများသည် သက်ဆိုင်ရာလွှတ်တော်ရွေး‌ကောက်ပွဲနည်းဥပဒေ ၁၁၁(ခ)အရ ကာလစည်းကမ်းသက်တမ်းကျော်လွန်ပြီဖြစ်၍ ဖေဖော်ဝါရီလ (၁၀) ရက်နေ့နံနက် ၈ နာရီက ငါန်းဇွန်မြို့၊ မီးပြန်‌ချောင်း အရှေ့ဘက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။