မလှိုင် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့၊ အမှတ်၄ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုလေ့ကျင့်ပေးခြင်း၊ မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်နယ်မီးဦးစီးမှူး ဦးဇေယျာအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦးက စျေးသူ၊ စျေးသားများ၊ စျေးအကျိုးတော်ဆောင်အဖွဲ့ဝင်များကို မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုလေ့ကျင့်ပေးခြင်း၊ မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ