ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင် ဖေဖော်ဝါရီ ၁၁

ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ကျ‌‌ရောက်လာပြီဖြစ်ရာ မီးမတော်တဆမှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာရေးမှူးရုံး လမ်းညွှန်မှုဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၇ရပ်ကွက်နှင့် ၁၈ရပ်ကွက်၊ မောင်းမကန်ကမ်းသာလမ်း အမှတ် (၂) လမ်းနှင့် စည်ပင်လမ်းကြားရှိ အမြင်တင့်တယ်သော အမှိုက်များခုတ်ထွင်ရှင်းလင်းခြင်း ရေမြောင်းများ တူး‌ဖော်ရှင်းလင်းခြင်း အလင်းရောင်ရရှိစေရန်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန် အုပ်မိုးသစ်ပင်ကိုင်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦး‌ဖြိုးဝေမောင် ဦး‌ဆောင်ကြီးကြပ်ကာ မြို့နယ်စည်ပင်၊ ပရဟိတပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့များက လူအင်အား၊ စက်အင်အားတို့ဖြင့် ရှင်းလင်းပေးပြီး အမှိုက်များကို သတ်မှတ်စွန့်ပစ်အမှိုက်ပုံသို့ အမှိုက်သိမ်းယာဉ်ဖြင့် ရှင်းလင်းဆောင်ရွက်ပေးကြ‌ကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နေမျိုးအောင်