ကော့မှူးမြို့နယ်အတွင်း လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များအားနေ့တွက် စရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်

ကော့မှူး ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား ၂/၂၀၂၆ လအတွက်‌ နေ့တွက်စရိတ်နှင့် ရိက္ခာစိုငွေများ ပေးအပ်ပွဲကို အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တောင်ပိုင်းရပ်ကွက် ‌မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်ဖြိုးမြင့်နှင့် တာဝန်ရှိသူများက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ