လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူကြိုကလေးငယ်များအနေဖြင့် ငယ်ရွယ်ချိန်တွင် ဆရာ၊ ဆရာမ၊ လူကြီးမိဘများ၏ ဆုံးမစကားကို လိုက်နာကြရန်၊ လိမ္မာယဉ်ကျေးရှိကြရန်နှင့်တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားပြီး မူကြိုကလေးငယ်များ လူအများရှေ့တွင် ပြောဆိုတတ်စေရန်နှင့် ဉာဏ်ရည်သွေးထက်မြက်လာစေရန် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ရုပ်ပုံပြပြီး အင်္ဂလိပ်အမည်ဖြင့် ပြောဆိုခြင်း၊ ခုံလုပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲတို့ကို ပျော်ရွှင်စွာယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)