ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ၌ ဆေးစိမ်ခြင်ထောင် (၁၀၄၂) လုံးပေးအပ်

ကော့မှူး ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့ နယ်အဖျောက်ကျေးရွာအုပ်စု၌ ငှက်ဖျားဖြစ်နိုင်‌ခြေရှိသော မိသားစုများ၊ အသက် ၅ နှစ်အောက်ရှိသော မိသားစုဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၆၀) နှစ်အထက်ရှိသော မိသားစုဝင်များအား‌ ယနေ့နံနက်က ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌ပေးအပ်ပွဲကို အ‌ဖျောက်ကျေးရွာသုခဝါသတန်ဆောင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးစိုးဝင်းထွန်းနှင့်ဆရာ/ ဆရာမများက ငှက်ဖျားရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများ၊ ရောဂါသွင်ပြင်လက္ခဏာများ၊ ငှက်ဖျား‌ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်ပြုမှုနေထိုင်‌ရှောင်ရှားသင့်သည်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများအား ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးအတွက် အခမဲ့ငှက်ဖျားသွေးဖောက်စစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ