အမြို့မြို့အနယ်နယ်သတင်းများ

Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 11,2026
၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)၊ သီရိကွင်း၌ ကျင်းပရာ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း အမျိုးသား/အမျိုးသမီး ၃၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
Feb 11,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က အောင်သုခရပ်ကွက်အတွင်းရှိ နေအိမ်များတွင် တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံစစ်ဆေးခဲ့သည်။
Feb 11,2026
ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှု အရေအတွက်များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း၌ အိန္ဒုတိုက်နယ်အတွင်း လွန်းညကျေးရွာ၊ အိန္ဒုကျေးရွာနှင့် ကော့စိန်ဘန်(အထက်) ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပသည်။
Feb 11,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်၌ ကျင်းပသည်။
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၂) ရက်နေ့၌ ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၁၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။