၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ အကျိတ်အနယ်ယှဉ်ပြိုင်

ဒဂုံတောင် ဖေဖော်ဝါရီ ၁၁

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာတို့၌ အကျိတ်အနယ်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယ‌‌မန်နေ့ မွန်းလွဲ (၃) နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြိုနယ်၊ အမှတ် (၂၅) ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းတွင် ကျောက်တံတားခရိုင်အသင်းနှင့် သန်လျင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ရာ သန်လျင်ခရိုင်အသင်းက ကျောက်တံတားခရိုင် အသင်းကို (၂) ဂိုး (၁)ဂိုးဖြင့် အနိုင်ရသည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း (၁၄) သင်းပါဝင်ပြီး ဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်‌‌ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးအောင်