Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သံတောင်ကြီးမြို့တွင်(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 11,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပညာအထက်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများထံသို့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် ပြည်လုံးချမ်းသာအောင် သိဒ္ဓိစေတီတော်ကြီး၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မပူဇာအထူးတရားပွဲ ကျင်းပမည်
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်၊ သန္တာ (၁၆) လမ်းရှိ မာန်အောင်ကျောင်းတိုက်၊ နတ်မောက်ကျောင်း ဆုတောင်းပြည့်ပြည်လုံးချမ်းသာအောင် သိဒ္ဓိစေတီတော်ကြီး၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဓမ္မပူဇာ အထူးတရားပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များအား သတ်မှတ်ကာလကျော်၍ စနစ်တကျ မီးရှို့ဖျက်ဆီး
Feb 11,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များနှင့် မလိုအပ်သောစာရွက်စာတမ်းများ၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းကို ယနေ့နံနက် ၇ နာရီက တံတားဦးမြို့ အမှတ်(၃) ရပ်ကွက်၊ မကျည်းတောရပ် မီးသတ်ရုံးရှေ့၌ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်၌(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲပြုလုပ်ကျင်းပ
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် (၇၉) နှစ်ထောင်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများကို ယမန်နေ့ နံနက် (၈) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲစေရေး ပြည်သူများအား Recycle Bag အိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 11,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းများ လျှော့ချနိုင်ရေး ကျောက်ဆည်မြို့အတွင်းရှိ မီးပွိုင့်လမ်းဆုံများ၌ ယမန်နေ့နံနက်ပိုင်းက လမ်းသွား၊ လမ်းလာပြည်သူများအား Recycle Bag အိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ကာလစည်းကမ်းသတ်မှတ်ချက်ကျော်လွန်သော ရွှေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်စီးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံး၀န်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပြီး ကဗျာရွတ်ဆိုပြင်ပွဲကျင်းပ
Feb 11,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေုဗဟိုဌာနတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးတွင်ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး
Feb 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၁၁၁ (ခ) ပါ ပြဌာန်းချက်အရ ကာလစည်းကမ်းသတ်မှတ်ချက်ကျော်လွန်ပြီ ဖြစ်ပါ၍ စနစ်တကျမီးရှို့ဖျက်ဆီးနိုင်ရေး ဘုတ်အဖွဲ့ဖြင့် ယမန်နေ့ ၁၀ ခွဲနာရီအချိန်က မီးရှို့ဖျက်ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
100
Page
101
Page
102
Page
103
Current page
104
Page
105
Page
106
Page
107
Page
108
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department