ကော့မှူး ဖေဖော်ဝါရီ ၁၁
ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့မဈေးကြီးအတွင်း လှည့်လည်စစ်ဆေးနေကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင် မြို့နယ်လျပ်စစ်မန်ဂျာ ဦးကျော်ကျော်လှိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထိုက်ထွေး၊ ဈေးတာဝန်ခံ ဦးအေးသွင်တို့က ဈေးကြီးအတွင်းလိုက်လံကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးကြီးအတွင်း အရေးပေါ်အသုံးပြုနိုင်ရန် ရှေ့ဦးမီးငြိမ်းသတ်ပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မီးသတ်ဆေးဘူးများကို ပုံမှန်စစ်ဆေးသွားရန်နှင့် ရေစင်များတွင် ရေအဆင်သင့်ဖြည့်ဆည်းထားရှိရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများအား လက်တွေ့ပြသပေးခဲ့ကြကြောင်း သိရသည်။
ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားရန်စီစဉ်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျော်သူရ