ငါန်းဇွန်မြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့်မှတ်တမ်းများ ကာလစည်းကမ်းသက်တမ်းကျော်လွန်ပြီဖြစ်၍ မီးရှို့ဖျက်ဆီး

ငါန်းဇွန် ဖေဖော်ဝါရီ ၁၁

ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထားရှိ‌သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများနှင့် မှတ်တမ်းများသည် သက်ဆိုင်ရာလွှတ်တော်ရွေး‌ကောက်ပွဲနည်းဥပဒေ ၁၁၁(ခ)အရ ကာလစည်းကမ်းသက်တမ်းကျော်လွန်ပြီဖြစ်၍ ဖေဖော်ဝါရီလ (၁၀) ရက်နေ့နံနက် ၈ နာရီက ငါန်းဇွန်မြို့၊ မီးပြန်‌ချောင်း အရှေ့ဘက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများအား စနစ်တကျ မီးရှို့ဖျက်ဆီးနိုင်ရေးအတွက် စစ်ဆေးဖျက်ဆီးရေးဘုတ်အဖွဲ့ ဖွဲ့စည်းထားရှိပြီး မီးရှို့ဖျက်ဆီးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မီးရှို့ဖျက်ဆီးရေးဘုတ်အဖွဲ့ဝင်များဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးငြှိမ်းသတ်နိုင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)