သံတောင်ကြီးမြို့တွင်(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

သံတောင်ကြီး ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပညာအထက်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများထံသို့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်သတင်းစကား  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ၂၀-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသည့် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ် ကွန်ဂရက်တွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်၊ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုသမ္မတနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဉက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ စာရေးဆရာ ဘိုမျိုး(ရွှေဘို)ရေးသားသည့် “နှင်းရည်ဆွတ်ဖျန်းပွင့်ပန်းစုံညီ” ကဗျာနှင့် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည့်ထောင်စုနေ့ဆောင်ပုဒ်တို့ကို ထည့်သွင်းဖော်ပြကြောင်း သိရသည်။

နော်နော်မူ