တံတားဦး ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များနှင့် မလိုအပ်သောစာရွက်စာတမ်းများ၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းကို ယနေ့နံနက် ၇ နာရီက တံတားဦးမြို့ အမှတ်(၃) ရပ်ကွက်၊ မကျည်းတောရပ် မီးသတ်ရုံးရှေ့၌ ဆောင်ရွက်ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သည့် စာရွက်စာတမ်းများ၊ ဆန္ဒမဲလက်မှတ်များ၊ မလိုအပ်သောစာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းဆောင်ရွက်ခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ မီးရှို့ဖျက်ဆီးနိုင်ရေး တာဝန်ပေးအပ်သူများက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့်ပတ်သတ်၍ စစ်ဆေးပြီး စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)