တံတားဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပြီး ကဗျာရွတ်ဆိုပြင်ပွဲကျင်းပ

တံတားဦး ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေုဗဟိုဌာနတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးတွင်ကျင်းပကြောင်း သိရသည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်ကပြည်‌ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ်စား လှယ်များ၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတဖြစ်ဖွယ်များကိုပြောကြားသည်။

ဆက်လက်၍ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မိမိတို့နှစ်သက်သည့်ကဗျာများကို အလှည့်ကျယှဉ်ပြိုင်စေပြီး မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)