ကိုကိုးကျွန်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် (၇၉) နှစ်ထောင်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများကို ယမန်နေ့ နံနက် (၈) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲများကို နံနက် (၈) နာရီအချိန်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပခဲ့ပြီး၊ ဘော်လီဘောပြိုင်ပွဲများကို ညနေ (၃) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်းအသင်း (၇) သင်းနှင့် ဘော်လီဘောအသင်း (၆) သင်းတို့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ထိုပြိုင်ပွဲများကို (၁၀-၂-၂၀၂၆) ရက်နေ့မှ (၁၂-၂-၂၀၂၆) ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသော အသင်းများကို (၁၂-၂-၂၀၂၆) ရက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)