မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် ပြည်လုံးချမ်းသာအောင် သိဒ္ဓိစေတီတော်ကြီး၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မပူဇာအထူးတရားပွဲ ကျင်းပမည်

မြောက်ဥက္ကလာ ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်၊ သန္တာ (၁၆) လမ်းရှိ မာန်အောင်ကျောင်းတိုက်၊ နတ်မောက်ကျောင်း ဆုတောင်းပြည့်ပြည်လုံးချမ်းသာအောင် သိဒ္ဓိစေတီတော်ကြီး၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဓမ္မပူဇာ အထူးတရားပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်၊ သန္တာ (၁၆) လမ်းရှိ မာန်အောင်ကျောင်းတိုက်၊ နတ်မောက်ကျောင်း ဆုတောင်းပြည့် ပြည်လုံးချမ်းသာအောင် သိဒ္ဓိစေတီတော်ကြီး၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မပူဇာအထူးတရားပွဲကျင်းပမည်ဖြစ်ရာ ဟောကြားမည့် ဆရာတော်များမှာ ဖေဖော်ဝါရီ ၂၇ ရက် သောကြာနေ့တွင် ဘဒ္ဒန္တယုဇနသာရ (ဓမ္မာစရိယ) Founder of T.B.E.L.C (Principal)၊ ဖေဖော်ဝါရီ ၂၈ ရက် စနေနေ့တွင် ဓမ္မဒီပအသျှင်ဉာဏောဒယ (ဓမ္မာစရိယ) (င) ရပ်ကွက် သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် မတ်လ ၁ ရက်‌ တနင်္ဂနွေနေ့တွင် ဘဒ္ဒန္တသုနန္ဒ (ဓမ္မရံသီဆရာတော်) အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးများ၏ မဟာနာယကချုပ်ဆရာတော်ကြီးက နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များအား ဟောကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)