ရန်ကင်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်စီးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံး၀န်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သောမဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများအား ကာလစည်းကမ်းသတ်မှတ်ချက်ကျော်လွန်ပြီဖြစ်၍ စနစ်တကျမီးရှို့ဖျက်စီးရေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် အဖွဲ့၀င်များ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်လှလှထွေး မြို့နယ်ကော်မရှင်ဦးစီးအရာရှိ ဒေါ်သဲထက်ထက်လှိုင်တို့ပါ၀င်သော ဘုတ်အဖွဲ့ဖြင့် စနစ်တကျမီးရှို့ဖျက်စီးခဲ့ကြသည်။
မီးရှို့ဖျက်ဆီးရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သောမဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များနှင့် စာရွက်စာတမ်းများ ထည့်သွင်းထားသော ဆာလာအိတ်များအား စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရဲမင်း (ပြန်/ဆက်)