ကျောက်တန်းမြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး

ကျောက်တန်း ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၁၁၁ (ခ) ပါ ပြဌာန်းချက်အရ ကာလစည်းကမ်းသတ်မှတ်ချက်ကျော်လွန်ပြီ ဖြစ်ပါ၍ စနစ်တကျမီးရှို့ဖျက်ဆီးနိုင်ရေး ဘုတ်အဖွဲ့ဖြင့် ယမန်နေ့ ၁၀ ခွဲနာရီအချိန်က မီးရှို့ဖျက်ဆောင်ရွက်ခဲ့ပါသည်။

မီးရှို့ဖျက်စီးရေးအဖွဲ့ကို အဖွဲ့ဝင် (၉) ဦးဖွဲ့၍ ဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းဝေက ဦးဆောင်ကာ အဖွဲ့ဝင်များက ဘုတ်အဖွဲ့တွင် ပါဝင်သည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းဝေနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အေးအေးချိုတို့ကြီးကြပ်၍ မြို့နယ်မီးသတ်တာ၀န်ရှိသူများ ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် စနစ်တကျမီးငြိမ်းသတ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)