ရခိုင်ပြည်နယ်

ကျောက်တော်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည်ဆော်သြ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများသိရှိရမည့် အကြောင်းအရာများအား ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆော်သြခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု၊ ဘဲအင်းကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဖွင့်လှစ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု၊ ဘဲအင်းကျေးရွာတွင် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက်၇နာရီခွဲက အဆိုပါကျောင်း၌ကျင်းပ ပြုလုပ်ခဲ့​သည်။

မအီမြို့၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူ(၈၇၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၌ မအီမြို့နယ် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ(၈၇၂)တို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်းရှိပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာပန်းခြံရှေ့၌ အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။

ဂွမြို့နယ်တွင် ကြွေချိုင်ကျေးရွာဗြုန်းလမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ငွေ)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကြွေချိုင်ကျေးရွာ၊ ဗြုန်းလမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဝန်ထမ်းများက ယမန်နေ့၊ နေ့လယ်ပိုင်းက ကြွေချိုင်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့်ကိစ္စရပ်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့် ကိစ္စရပ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပုဏ္ဏားကျွန်း(အ-ထ-က)၌ စားသုံးသူကွယ်ပေးရေး အသိပညာပေးဟောပြာပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်သည့် ဝန်ထမ်းများက စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ အထက်တန်းကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့၊ မြို့တည်ဆုတောင်းပြည့်တန့်ရှင်ပင်စေတီတော်မြတ်ကြီး အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင်စေတီတော်မြတ်ကြီး၌ အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တန့်ရှင်ပင်စေတီတော်မြတ်ကြီး၏ရင်ပြင်၌ ရွတ်ဖတ်ပူဇော်ကြသည်။

ပေါက်တောမြို့၌ ဌာနဆိုင်ရာ(အမျိုးသား)အသင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ(အမျိုးသမီး)အသင်းချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ(အမျိုးသား)အသင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ (အမျိုးသမီး) အသင်းတို့ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲကို ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်းတွင် ယမန်နေ့ ည ၅ နာရီက ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာစုပေါင်းထမနဲထိုးပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်