ပုဏ္ဏားကျွန်း ဖေဖေါ်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်သည့် ဝန်ထမ်းများက စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ အထက်တန်းကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးက စားသုံးသူများ ဘေးကင်းလုံခြုံစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ပေးနေမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်တက်ရောက်ခဲ့ကြပြီး၊ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်