ရမ်းဗြဲမြို့၊ မြို့တည်ဆုတောင်းပြည့်တန့်ရှင်ပင်စေတီတော်မြတ်ကြီး အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရမ်းဗြဲ ဖေဖေါ်ဝါရီ ၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင်စေတီတော်မြတ်ကြီး၌ အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တန့်ရှင်ပင်စေတီတော်မြတ်ကြီး၏ရင်ပြင်၌ ရွတ်ဖတ်ပူဇော်ကြသည်။

မဟာပဋ္ဌားန်းရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွာပုလဲဆရာတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများနှင့် သံဃာတော်များ မြို့နယ်စီမံအုပ်ချုရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ မြို့မိမြို့ဖများလူမှုရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် မြို့ပေါ်ရှိပြည်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တက်ရောက်လာသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီးနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွာပုလဲဆရာတော်ဘုရားကြီးထံမှ ငါးပါးသီခံယူဆောက်တည်ကြသည်။ ၎င်းနောက် အောင်ဆုပန်ဆရာတော်ဘုရားထံမှ ဩဝါဒခံယူကြသည်။ ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက နတ်ဗြဟ္မာများပင့်ဖိတ်ခြင်းနှင့် မဟာပဋ္ဌားန်းအဖွင့်ဂါထာတော်များ ရွတ်ဖတ်သရဇျ္စာယ်ကြပြီးနောက် အသံမစဲမဟာပဋ္ဌာန်းကို ရွတ်ဖတ်ပူဇာ်ကြသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၁-၂-၂၀၂၃) ရက်နေ့မှ (၄-၂-၂၀၂၃) ရက်နေ့ထိ ရွတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်နိုင်