ပေါက်တော ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ(အမျိုးသား)အသင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ (အမျိုးသမီး) အသင်းတို့ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲကို ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်းတွင် ယမန်နေ့ ည ၅ နာရီက ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲကို အကြိုက်အနေယှဉ်ပြိုင်အစားခဲ့ကြရာ ဌာနဆိုင်ရာ(အမျိုးသား)အသင်း နှစ်ဂိုနှင့် ကျန်းမာ ရေးဦးစီးဌာနမှ (အမျိုးသမီး) အသင်းမှ လေးဂိုဖြင့် အနိုင်ရရှိခဲ့ကြောင်း၊အနိုင်ရရှိခဲ့သည့် ကျန်းမာရေးဦးစီးဌာနမှ (အမျိုးသမီး) အသင်းကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားကို စိတ်ပါဝင်စားသည့် ပြည်သူများ လာရောက်ကြည့်ရှု အားပေးကြကြောင်းသိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)