ဂွ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ငွေ)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကြွေချိုင်ကျေးရွာ၊ ဗြုန်းလမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဝန်ထမ်းများက ယမန်နေ့၊ နေ့လယ်ပိုင်းက ကြွေချိုင်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြွေချိုင်ကျေးရွာ ဗြုန်းလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ခွင့်ပြုရန်ပုံငွေ) (၁၀.၇၈)ကျပ်သန်း အကုန်ကျခံခဲ့ပြီး လမ်းအရှည်(၂၃၅၀)ပေ၊အကျယ်(၁၃)ပေ၊ လမ်းထု(၆)လက်မရှိကာ ကျေးရွာကော်မတီဝင်များက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်