ကျောက်တော် - ပလက်ဝ သင်္ဘောခရီးစဉ်အား အများပြည်သူခရီးသွားလာရေး အဆင်ပြေစေရေးအတွက် အပတ်စဉ်ပုံမှန်ပြေးဆွဲပေးခြင်းများဆောင်ရွက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရေနယားသင်္ဘောခရီးစဉ်အား အပတ်စဉ်ပုံမှန်ပြေးဆွဲပေးခြင်းကြောင့် အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။