စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များဈေးနှုန်းသက်သာစွာရောင်းချပေးနေမှု ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ လာရောက်ဝယ်ယူအားပေး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့်နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစား သောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ယနေ့နံနက်ပိုင်းကဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများလာရောက်ဝယ်ယူအားပေးကြကြောင်းသိရသည်။