ရခိုင်ပြည်နယ်

ဂွမြို့၌  လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့သည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းခက်များအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ  ရှင်းလင်း

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျနေသည့် မြို့မဈေးအနီးနှင့် မြို့နယ်တရားရုံးအနီးရှိ  သစ်ပင်ကြီးများ၊ သစ်ကိုင်းသစ်ခက်များအား  မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

အမ်းမြို့နယ်၌မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများမှပြည်သူများအားခိုလှုံရေးစခန်းများ၌ကျန်းမာရေး၊ စားသောက်ရေးကိစ္စများကူညီဆောင်ရွက်ပေး

 ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ် ကမ်းခြေနှင့် နီးသည့် ကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ် ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီခိုလှုံရေး စခန်းများ၌ ယနေ့နေ့ လည်ပိုင်းကတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေး ကိစ္စများကူညီဆောင် ရွက် ေပးလျက် ရှိကြောင်းသိရသည်။

မင်းပြားမြို့နယ်၌  မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာများသို့ ဆက်လက်​ပြောင်းရွှေ့​

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာသို့ပြောင်းရွှေ့လျက်ရှိရာ ယမန်နေ့ ညနေထိဆက်လက်​ ​ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။

ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများသို့သွားရောက်၍ မုန်တိုင်းခိုလှုံရာ နေရာများသို့ ရွှေ့ပြောင်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို ကျိန္တလီမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများရှိ ပြည်သူများအား သွားရောက်ပြီး မုန်တိုင်းခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌  မုန်တိုင်းခိုလှုံရာ နေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ များကို မုန်တိုင်းခိုလှုံရာနေရာများရှိ ပြည်သူများအတွက် ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့၊ ညနေ(၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့ တို့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့တို့က

ရသေ့တောင် မြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့် ရပ်ကွက်/ကျေးရွာနေပြည်သူများအား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်း၊ကြိုတင်ကာကွယ်ရေလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့သည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများတွင် ပါဝင်သော မြို့တစ်မြို့အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ရသေ့တောင်မြို့နယ် ကျေးရွာများတွင်နေထိုင်ကြသည့် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့်သူများအား ရွှေ့ပြောင်းမှုကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်းတာဝန်ရှိသူများမှမုန်တိုင်းဘေးလွတ်ရာနေရာများဖြစ်သည့်ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြေပုံမြို့၌ လေဘေးခိုလှုံရာ စခန်းများနေပြည်သူများသို့ တာဝန်ရှိသူများသွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ သတ်မှတ်လေဘေးခိုလှုံရာစခန်းများနေ ပြည်သူများ စား၊ ဝတ်၊ နေရေးအဆင်ပြေစေရန် တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၁၁)နာရီအချိန်က အ.ထ.က(မြေပုံ)လေ ဘေးခိုလှုံရာစခန်းနှင့်  အ.လ.က(ခွဲ)ကံသာထွက်ဝ  လေဘေးခိုလှုံရာစခန်းများသို့  သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့် ရပ်ကွက်နေပြည်သူများအား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများတွင်ပါဝင်သော မြို့တစ်မြို့အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့် ရပ်ကွက်နေပြည်သူများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မုန်တိုင်းဘေးလွတ်ရာနေရာများဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

မြေပုံမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်နေရာများမှ ပြည်သူများနှင့်ပစ္စည်းများအား တာဝန်ရှိသူတို့က ကူညီပံ့ပို့လျက် ဘေးလွတ်ရာသို့ပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင်  မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သောနေရာများမှ   ပြည်သူများနှင့် ပစ္စည်းများအား တာဝန်ရှိသူများက  ဘေးလွတ်ရာသို့ရောက်ရှိနိုင်ရေး  ကူညီပံ့ပိုးလျက်  ယမန်နေ့ နံနက်ပိုင်းစ၍ ညနေ(၄)နာရီအချိန်အတွင်း အပြီးပြောင်းရွှေ့လျက်ရှိသည်။

ဘူးသီးတောင်မြို့၌သဘာဝဘေးအန္တရာယ် ကျရောက်လာပါကထိခိုက်ပျက်ဆီး မှုမရှိစေရေး သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် တွင်သဘာဝဘေး အန္တရာယ်ကျ ရောက်လာ ပါကထိခိုက်ပျက်ဆီးမှု မရှိစေရန်ရည်ရွယ်၍သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်