မင်းပြားမြို့နယ်၌  မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာများသို့ ဆက်လက်​ပြောင်းရွှေ့​

မင်းပြား  မေ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာသို့ပြောင်းရွှေ့လျက်ရှိရာ ယမန်နေ့ ညနေထိဆက်လက်​ ​ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ​ပြောင်းရွှေ့ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးစိုးမိုး ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့အစည်းများက မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများအား မုန်တိုင်းဘေးလွတ်ရာနီးစပ်သည့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ အသက်ကယ်ကုန်းမြို့ပေါ်ရှိ သတ်မှတ်နေရာစုရပ်များသို့ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများ ကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်လျက်ရှိရာမင်းပြားမြို့နယ်ရှိ ​ဥတ္တရာ၊ အိုင်ဝန်း၊ လဟာကျယ်၊ ကျွဲတက်၊လဟာကျယ်၊ခွေးတောက်ချောင်း၊ လိပ်ကျောက်ရ၊ တောကန်၊ ဥတ္တရာ၊ အိုင်ဝန်း၊မညှင်းပြင်၊ ခေါင်းလောင်းချောင်း၊ ဇီးကိုင်းရွာဟောင်း၊ ဇီးကိုင်းရွာ သစ်၊ အောက်ငှက်ပျောချောင်း၊ ဇင်ယော်မော်၊တဲနန်းပြင်၊စမ္ဘရာ၊ မှင်တောက်၊ ခမောင်းတော စသည့် ကျေးရွာ(၁၇)ရွာမှ  အိမ်ထောင်စု (၂၉၈၅) စု၊ လူဦးရေ (၁၁၆၉၃  )ဦးအား မုန်တိုင်း အန္တရာယ် ဘေးလွတ်ရာနေရာများသို့ ဆက်လက်ပြောင်းရွေ့နေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ဆီ၊ဆား ၊ငါးပိများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သောင်းရွှေ