ရခိုင်ပြည်နယ်

ဂွမြို့နယ်အတွင်းရှိ ပြည်သူများ အား မုန်တိုင်းဘေးခိုလှုံရာ နေရာများ သို့ ပြောင်းရွှေ့ပေး လျက်ရှိပြီး စားရေရိက္ခာများ အား ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးခိုလုံရာနေရာများသို့ ယနေ့ နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းများက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွေ့ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင်နေထိုင်ကြသူများ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်  

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်နေထိုင်ကြသူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ပြည်သူ့ဆေးရုံအား တာ၀န်ရှိသူများက ယမန် နေ့ နံနက်ပိုင်းက စစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

မုန်တိုင်းဘေးရှောင်ပြည်သူများအား ဆန်နှင့်ဆီများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မုန်တိုင်းရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ များကို ယမန်မန်နေ့ မွန်းလွဲ ၁၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာ စိန်နှင့်တာဝန်ရှိသူများသည် ခမောင်းတုန်းကျေးရွာအုပ်စုနှင့် ဆင်ခေါင်းကျေးရွာ အုပ်စုများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

တောင်ပြိုလက်ဝဲမြို့၌  မုန်တိုင်းဘေး ကျရောက်နိုင်သည့် ရပ်ကွက်နေပြည်သူများအား မုန်တိုင်းခိုလုံရာ နေရာများသို့ စတင်ပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ရပ်ကွက်နေပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာသို့ ယနေ့ နေ့လည်ပိုင်းကစတင် ရွှေ့ပြောင်းပေး ခဲ့ကြောင်းသိရသည်။

အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ ပြောင်းရွှေ့

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ် ကမ်းခြေနှင့်နီးသည့် ကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းအထိ မုန်တိုင်းဘေးလွတ်ရာ နေရာ ယာယီစခန်းများသို့ ပြောင်းရွှေ့ပေးလျက် ရှိကြောင်းသိရသည်။

မင်းပြားမြို့နယ်ရှိ ပြည်သူများမုန်တိုင်းခိုလုံရာနေရာများသို့ သွားရောက်ကြည့်ရှုအားပေး စကားပြောကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်းခိုလုံရာနေရာသို့ မေ၁၁ရက်နေ့ ညနေပိုင်းက စတင်ကာ ​ရွှေ့ပြောင်းလာခဲ့ကြရာယနေ့ထိ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

ရသေ့တောင်မြို့၌ မြို့နယ်မစဖအဖွဲ့ဝင်များမှ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအားရွှေ့ပြောင်းနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့်မုန်တိုင်းသည် အားကောင်း လာကာဆိုင်က လုန်းမုန်တိုင်းမိုခါ(MOCHA) အားကောင်းလာသည့် အတွက်ကြောင့်ရ သေ့တောင်မြို့နယ် အတွင်းမုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောယာယီနေရပ် စွန့်ခွာသူများ စခန်းနေရာများ (IDP စခန်း)မှမိဘပြည်သူများနှင့် ပစ္စည်းများအားရွှေ့ပြောင်းနိုင်ရေးအတွက် မြို့နယ်မစဖအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် ယနေ့နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို မုန်တိုင်းခိုလှုံရာနေရာများရှိ ပြည်သူများအား ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို မုန်တိုင်းခိုလှုံရာ နေရာများရှိ ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့တို့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြောက်ဦးမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် ခိုလုံရာသို့ ပြောင်းရွှေ့လျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ခိုလုံရာနေရာသို့ ယနေ့နံနက် ၈ နာရီက အောင်တပ်ရပ်ကွက် အောင်တပ်ချောင်းမှ စက်လှေများဖြင့် ရောက်ရှိလာသူများအား မြောက်ဦးမြို့ပေါ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိသည်။

တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီစခန်းများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်