အမ်း မေ ၁၄
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ် ကမ်းခြေနှင့် နီးသည့် ကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ် ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီခိုလှုံရေး စခန်းများ၌ ယနေ့နေ့ လည်ပိုင်းကတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေး ကိစ္စများကူညီဆောင် ရွက် ပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့် သလူမော်ကျေး ရွာ၊ တပ်တောင်မြို့ရပ်ကွက်(၂)၊ (၃)၊ မွန်လှ၊ မော်ကြီး၊ စိန်ပိုက်၊ စခန်းမော်၊ ဂါယ်လောင်း၊ အောက်ကျင်း ၊ မဲသံကြိုး၊ တိုက်မော်၊ ဝတ်မီးတို၊မယ်ဇလီကိုင်း၊ ကန်ဇလီ၊ နွံကျော်၊လက်ခွာ ဒွေ၊ ဆပ်ဖာဒွေ၊ ကန်ကျွန်း၊ နွားရုံတောင်၊ တောင်ဖီလာ၊ ကာပူကျေးရွာ စုစုပေါင်းကျေးရွာ အုပ်စု(၁၀)အုပ်စုမှ ကျေး ရွာပေါင်း (၂၁) ရွာမှ အိမ်ထောင်စု (၆၂၇)စုမှ ပြည်သူ စုစုပေါင်း (၁၉၅၄)ဦးအား ကျေးရွာများရှိ Cyclone Shelter များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံမည့်စခန်းများဖွင့်လှစ် ပြီးစီစဉ်နေရာချထားပေး၍ တာဝန်ရှိသူများကကျန်းမာရေးစောင့်ရှောက်မှုနှင့်စားသောက်ရေးကိစ္စများ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါယာယီ ခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခိုလှုံကြသည့်ပြည်သူများအား နေထိုင်စား သောက်ရေး၊ ကျန်းမာရေးကိစ္စများအဆင်ပြေစေရန်အတွက် ခရိုင်သဘာဝ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ် ငန်းကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲဝင်များက ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည် များကိုဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်