ကျိန္တလီ မေ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို ကျိန္တလီမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများရှိ ပြည်သူများအား သွားရောက်ပြီး မုန်တိုင်းခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ထိုသို့ရွှေ့ပြောင်းရာတွင် ကျိန္တလီမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းကျရောက်နိုင်သည့် ကျေးရွာများရှိ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများအား မုန်တိုင်းခိုလှုံရာ သတ်မှတ်စုရပ်များဖြစ်သည့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကူးတို့လေးကျေးရွာနှင့် ကံပေါက်ကျေးရွာမှ အိမ်ထောင်စု(၄၄)စုရှိ ကျား(၈၇)ဦးနှင့် မ(၁၄၆)ဦးတို့အား မုန်တိုင်းအန္တရာယ် ဘေးလွတ်ရာနေရာများသို့ ထပ်မံရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ဇော်လင်း