မြေပုံမြို့၌ လေဘေးခိုလှုံရာ စခန်းများနေပြည်သူများသို့ တာဝန်ရှိသူများသွားရောက်ကြည့်ရှု

မြေပုံ မေ ၁၄

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ သတ်မှတ်လေဘေးခိုလှုံရာစခန်းများနေ ပြည်သူများ စား၊ ဝတ်၊ နေရေးအဆင်ပြေစေရန် တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၁၁)နာရီအချိန်က အ.ထ.က(မြေပုံ)လေ ဘေးခိုလှုံရာစခန်းနှင့်  အ.လ.က(ခွဲ)ကံသာထွက်ဝ  လေဘေးခိုလှုံရာစခန်းများသို့  သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

နယ်မြေခံတပ်နယ်မှ ဗျူဟာမှူးဗိုလ်မှူးကြီးထွဋ်ခေါင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  သက်ဆိုင်ရာတာဝန်ရှိသူများတို့က သွားရောက်၍   အ.ထ.က(မြေပုံ)လေဘေးခိုလှုံရာစခန်းရှိ အိမ်ထောင်စု(၃၃၉)စု၊ လူဦးရေ(၁၅၁၄)ဦး၊  အ.လ.က(ခွဲ)ကံသာထွက်ဝလေဘေးခိုလှုံရာစခန်းရှိ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၁၀၈)ဦးတို့နှင့်တွေ့ဆုံကာ မိမိတို့ခိုလှုံရာစခန်း၌ လိုအပ်ချက်ရှိသည်များကို ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်းနှင့် ကျေးရွာအုပ်စုများ၌လည်း  သတ်မှတ်လေဘေးခိုလှုံရာ  စခန်းနေပြည်သူများအတွက်လည်း  လိုအပ်သည်များကို  စခန်းတာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

တင်ဝင်း