ဂွမြို့၌  လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့သည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းခက်များအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ  ရှင်းလင်း

ဂွ  မေ  ၁၄

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျနေသည့် မြို့မဈေးအနီးနှင့် မြို့နယ်တရားရုံးအနီးရှိ  သစ်ပင်ကြီးများ၊ သစ်ကိုင်းသစ်ခက်များအား  မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျနေသည့် ဗန်ဒါပင်၊သရက်ပင်၊ မဲဇလီပင်များမှ အကိုင်းအခက်များအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များက အချိန်မီ ရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံး မှုမရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်