ဘူးသီးတေင် မေ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် တွင်သဘာဝဘေး အန္တရာယ်ကျ ရောက်လာ ပါကထိခိုက်ပျက်ဆီးမှု မရှိစေရန်ရည်ရွယ်၍သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ နှင့်မြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများပူး ပေါင်း၍မြို့ပေါ်ရပ်ကွက်များ အတွင်းမုန်တိုင်း အရှိန်ကြောင့် လဲကျနိုင်သောသစ်ပင်များ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုး များနှင့်မလွတ်ကင်း သော အပင်ကြီးများ၊ အဆောက်အဦများအပေါ်ပြိုလဲ၊ ကျိုးကျနိုင်သောသစ်ပင်၊ သစ်ကိုင်များ အားခုတ်ထွင် ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များ ကအမှိုက်သိမ်း ယာဉ်များဖြင့် သစ်ပင်၊သစ်ကိုင်းများ အားစနစ်တကျလိုက်လံ သိမ်းဆည်းလျက်ရှိ ကြောင်းသိရသည်။
လှကျော် (ပြန်/ဆက်)