ပုဏ္ဏားကျွန်း မေ ၁၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ များကို မုန်တိုင်းခိုလှုံရာနေရာများရှိ ပြည်သူများအတွက် ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့၊ ညနေ(၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့ တို့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့တို့က စာသင်ကျောင်း၊ ဘုန်ကြီး ကျောင်းများ တွင် မုန်တိုင်းအန္တရာယ်ကြောင့် ခိုလှုံနေထိုင်စဉ် ကာလအတွင်း စားနပ်ရိက္ခာများ ဖုံလုံစေရေး အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်(၃၃)အိတ်၊ ဆီပုံး(၃)ပုံး၊ ဆား(၁၁)ပိသာ၊ ငပိ(၇)ပိသာနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသော မာမီးခေါက်ဆွဲ အထုတ်(၃၀)ပါ ခေါက်ဆွဲဖာ(၂၀)တို့ကို သွားရောက် ထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါ မုန်တိုင်းရှောင်စခန်းများတွင် မြို့မဘုန်းတော်ကြီးကျောင်းတိုက်၌ လူဦးရေ (၄၁၂)ဦး၊ ယိုးတရုပ် အထက်တန်းကျောင်း၌ လူဦးရေ(၆၅၁)ဦး၊ ကျွဲထိုးဘုန်းကြီးကျောင်း၌ လူဦးရေ လူဦးရေ (၂၀၅)ဦး ခေတ္တလာရောက်ခိုလှုံလျက်ရှိကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)