ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် ကျောင်းများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်းဦးဆောင်သော အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့် ဒေသများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း၊ ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်နှင့် မတော်တဆ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသော နေအိမ်တို့အတွက် ထောက်ပံ့ငွေပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း၊ ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်နှင့် မတော်တဆ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသော နေအိမ်တို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ယနေ့ နံနက်ပိုင်းတွင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် သမဝါယမရုံးရှေ့တို့၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လှည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး ဆက်လက်ထွက်ခွာရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြို့သစ်) ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် ပျက်စီးနေသည့် ကျောင်းအဆောက်အဦ ပျက်စီးနေမှုကို လှည့်လှည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မုန်တိုင်းဒါဏ်ကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်ရန် ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်းရှင်းလင်းဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်မှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အလိုတော်ပြည့်ဘုရားကြီးဝင်းနှင့် လမ်းတစ်လျှောက် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင် ကြီးများအား ခုတ်ထွင်းရှင်းလင်းခြင်းကို ယနေ့၊ နံနက်(၇)နာရီက မြို့ပေါ်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ မိုခါမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးနှင့် ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ စားရေရိက္ခာများ ထောက်ပံ့ပေးအပ်

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက် ဖြူမြို့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံး‌ရေများ ဖြန့်ဝေပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရှိ ဂို‌‌‌ဒေါင်များနှင့် ဘိုးဘွားရိပ်သာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး၍ လူနာများနှင့် အဘိုး၊ အဖွားများအား စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

အလွန့်အလွန် အားကောင်းသော မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ (၂၃၀)ကေဗွီ ပင်မ ဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့် ကျွမ်းကျင်လုပ်သားများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၉၀ ရာခိုင်နှုန်းထိ ပြီးစီးလျက်ရှိကြောင်း သိရသည်။

မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီး၏ သာသနိကအဆောက်အဦများအတွက် အလှူငွေများလှူဒါန်းပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ လေဘေးသင့်ဒေသများမှ လူနာများအား သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြေပုံမြို့နယ်၊ အငူကျေးရွာရှိ လေဘေးသင့် ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီး၏ သာသနိက အဆောက်အဦ ခေါင်မိုးလန်ခြင်းများ ပြန်လည်ပြုပြင်ရန် အလှူငွေများလှူဒါန်းပြီး မြို့နယ်ပြည်သူဆေးရုံ၌ လေဘေးသင့်ဒေသမှ လူနာများအား သွားရောက်ကြည့်ရှုအားပေးသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ အခြေခံပညာကို လက်လှမ်းမီ ပညာသင်ယူနိုင်ခွင့်ရရှိစေရေး အတွက် ယမန်နေ့နံနက်ပိုင်းစတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (အခမဲ့) ကျောင်းအပ်နှံခြင်းအား သက်ဆိုင်ရာကျောင်းများတွင် စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော တပ်မတော်(ရေ) ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် ယနေ့နံနက် ၉ နာရီခွဲက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ဆိုင်ရာရုံးများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်