ရသေ့တောင် မေ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အလိုတော်ပြည့်ဘုရားကြီးဝင်းနှင့် လမ်းတစ်လျှောက် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင် ကြီးများအား ခုတ်ထွင်းရှင်းလင်းခြင်းကို ယနေ့၊ နံနက်(၇)နာရီက မြို့ပေါ်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မြို့ပေါ်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့သည် အလိုတော်ပြည့်ဘုရားကြီးဝင်းနှင့် လမ်းတစ်လျှောက် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများ၊ လမ်းပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဖယ်ရှားပေးခြင်း၊ အမှိုက်သရိုက် များအား ရှင်းလင်းဆောင်ရွက်နေသည့် နေရာများသို့ ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်အဖွဲ့ လာရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းများဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံတွင် ဓာတ်အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရှင်းလင်းဆောင်ရွက်နေမှုများ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)