ဘူးသီးတောင် မေ ၂၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် သမဝါယမရုံးရှေ့တို့၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လှည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး ဆက်လက်ထွက်ခွာရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြို့သစ်) ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် ပျက်စီးနေသည့် ကျောင်းအဆောက်အဦ ပျက်စီးနေမှုကို လှည့်လှည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ အဖွဲ့သည် ဆက်လက်ထွက်ခွာလာရာ ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာအုပ်စု၊ သပိတ်တောင်ကျေးရွာအုပ်စုနှင့် မြောင်းနားကျေးရွာအုပ်စုတို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်၊ ပြိုကျ၊ပျက်စီး၊ဆုံးရှုံးခဲ့သည့် လေဘေးသင့် အိမ်ထောင်စု (၃၆၅)စု တို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများဖြစ်သည့် ဆန်(၄၃)အိတ်၊ (၄)ပြည်၊ ဆီ(၅၂.၆၁)ပိဿာ၊ ဆား(၁၀.၃၆)ပိဿ၊ ငပိ(၅.၁၄)ပိဿ၊ ခေါက်ဆွဲခြောက်(၁၂၀) ထုပ်တို့အား လေဘေးသင့်ပြည်သူများအား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ အမှတ်(၂၂) တပ်မမှူးဗိုလ်မှူးချုပ် တိုးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ရာလေဘေးသင့် ပြည်သူများမှ လက်ခံရယူခဲ့ကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လေဘေးသင့် ပြည်သူများအား ဆေးကုသပေးနေမှုများကို လှည့်လှည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ကင်းချောင်းကျေးရွာ၊ အခြေခံပညာမူတန်း(လွန်)ကျောင်းနှင့် ကကျက်ဘက်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းတို့၌ မိုခါမုန်တိုင်းလေဘေးဒဏ်ကြောင့် ပျက်စီးနေသည့် ကျောင်းအဆောက်အဦ ပျက်စီးနေမှုကို လှည့်လှည်ကြည့်ရှုကာ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အမြန်ဆုံး ပြန်လည်ဆောင်ရွက်သွားရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ ကင်းချောင်းကျေးရွာ၌ ရေဂါလံ (၂၀၀၀) ဆံ့တပ်မတော် ရေသယ်ယာဉ်ဖြင့် ပြည်သူများအား ရေသန့်ပေးဝေလှူဒါန်းနေမှုကို ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)