ဘူးသီးတောင် မေ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ အခြေခံပညာကို လက်လှမ်းမီ ပညာသင်ယူနိုင်ခွင့်ရရှိစေရေး အတွက် ယမန်နေ့နံနက်ပိုင်းစတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (အခမဲ့) ကျောင်းအပ်နှံခြင်းအား သက်ဆိုင်ရာကျောင်းများတွင် စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျောင်းအပ်နှံခြင်းအား "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ အသက်(၅)နှစ်အရွယ်ကလေးများ(Kg)အတန်းမှစ၍ (Grade-11) သင်ရိုးသစ်တန်းအထိ ကျောင်းသား/သူများ ကျောင်းအလက်ခံလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံကြသည့် မူလတန်းအဆင့် ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်များ၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ၂၀၂၃-၂ ၀၂၄ ပညာသင်နှစ်အတွင်အထက်တန်း ကျောင်း(၆) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၇)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)(၁၆)ကျောင်း၊ မူလွန်(၈၂) ကျောင်း၊ မူလတန်းကျောင်း(၅၃)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)(၄၂) ကျောင်းပေါင်း(၂၁၀)ကျောင်းအား ဖွင့်လှစ်၍ ကျောင်းအပ်နှံရေးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်မြဝေထံမှ သိရသည်။
လှကျော်(ပြန်/ဆက်)