ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံ နေမှု အခြေအနေများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများကို ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် ပါဝင်သည့် တာဝန်ရှိသူများသည် ယနေ့နေ့လည်ပိုင်းက ကျေးရွာများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား တာဝန်ရှိသူ များက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူ​ဦး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် (မိုခါ) ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက လှူဒါန်းပေးသော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဆက်လက်ထောက်ပံ့ ပေးလျက်ရှိသည်။

ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူး နှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

နိုင်ငံ့တစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိကြရာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့​သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ် (၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ကျိန္တလီမြို့ Community Centre ခန်းမတွင်  စာပေချစ်မြတ်နိုးသူများအသင်း Women Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာ ပုညခင်၏ “အောင်မြင်မှု၊ ဘဝနှင့် ချစ်ခြင်းမေတ္တာ အတွေးစာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့၌ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျ သိမ်းဆည်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်း အပျက်အစီး များခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက် သစ်ပင်၊ သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအား စနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့၍ ယနေ့နံနက်ပိုင်းက အရှေ့တောင်ရပ်ကွက်ရှိ ရေချမ်းပြင်ဘုတ်ဆိပ်နှင့် ကမ်းနားလမ်း တစ်လျှောက်လမ်းတွင် သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်