ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများအား ကြည့်ရှုစစ်ဆေး

မာန်အောင်   မေ   ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော တပ်မတော်(ရေ) ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် ယနေ့နံနက် ၉ နာရီခွဲက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ဆိုင်ရာရုံးများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆးရာတွင် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်အတူ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်မိုးလေဝသစခန်း၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်အားကစားခန်းမနှင့် ဘောလုံးပွဲကြည့်စင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)