မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း၊ ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်နှင့် မတော်တဆ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသော နေအိမ်တို့အတွက် ထောက်ပံ့ငွေပေးအပ်

ဂွ   မေ    ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း၊ ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်နှင့် မတော်တဆ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသော နေအိမ်တို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဒုတိယဦးစီးမှူးက ယနေ့နံနက်ပိုင်း တွင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် သံတွဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးက မြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်အတွက် ငွေကျပ် ၁၄၈ သိန်း ၁၂၃၀၀ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်ထံ ပေးအပ်ခဲ့ကြောင်းနှင့် မတော်တဆ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ် (၁)လုံးအတွက် ငွေကျပ် ၁ သိန်းနှင့် အိမ်အသုံး အဆောင်ပစ္စည်းအချို့ကို သက်ဆိုင်ရာ တာဝန်ရှိသူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်