ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် သောက်သုံးရေရှားပါးလျက်ရှိသော ရပ်ကွက်/ကျေးရွာများသို့ တပ်မတော်မှ သောက်ရေသန့်များ ဆက်လက်ပေးဝေလှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်/ကျေးရွာများ၌ သောက်သုံးရေရှားပါးလျက်ရှိရာ တပ်မတော်မှ ရေသန့်ဂါလန် (၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဥ်ဖြင့် သောက်ရေသန့်များ ဆက်လက်ပေးဝေလှူဒါန်း လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဟိန္ဒူလူမျိုးများနေထိုင်ရာ ရပ်ကွက်အတွင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တို့၌ စုရပ်ထားရှိကာ ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်နေပြည်သူများအား သောက်ရေသန့် ဂါလန်(၂၀၀၀)တို့ကို သွားရောက်လှူဒါန်းခဲ့ကြသည်။

မြေပုံမြို့၌ လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့်အလှူရှင်များ ထောက်ပံ့သော ပစ္စည်း(၁၃)မျိုးအား လေဘေးသင့်ပြည်သူများသို့ အမြန်ရောက်ရှိရေး မြို့နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ လေဘေးသင့်ပြည်သူများ အမိုး/အကာအောက် လုံခြုံစွာရောက်ရှိနိုင်ရေးနှင့် စာဝတ်နေရေး အဆင်ပြေစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ပစ္စည်း(၁၃)မျိုး တင်ဆောင် လာသည့် တပ်မတော်ကမ်းထိုးရေယာဉ်မှ ပစ္စည်းများအား မြို့မဆိပ်ခံတံတားသို့ တင်ဆောင်ပြီး ဖွင့်ဖောက် စစ်ဆေးလက်ခံ၍ လမ်းဦးစီးဌာန၊ ပစ္စည်းသိုလှောင်ရုံသို့  ပြောင်းရွှေ့သည်။

ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော လျှပ်စစ်ဓာတ်တိုင်များ၊ မီးကြိုးများနှင့် ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေးပြင်ဆင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုခါမုန်တိုင်း ကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ မီးကြိုးများနှင့်ဓာတ်အားလိုင်းများ ပျက်စီးနေခြင်းကို မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ကျေးရွာများအထိကွင်းဆင်းပြီး အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ တော်အား ယနေ့ နံနက် ၈ နာရီက အမ်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်အတွင်းရှိ အေးရိပ်သာ ဘုန်းတော်ကြီး ကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသန့်ရှင်းသောသောက်သုံးရေများဆက်လက်ဖြန့်ဝေ

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့်သောက်သုံးရေခက်ခဲနေသည့် မြို့နယ်များတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်းသောသောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။

မင်းပြားမြို့၌ မိုခါမုန်တိုင်းသင့်ကျေးရွာများတွင် ဆားငန်ရေဝင် မြေသားရေကန်များမှ ရေများအား ရေစုပ်စက်ဖြင့် စုပ်ထုတ်

ရခိုင်ပြည်နယ်  မြောက်ဦးခရိုင် မင်းပြားမြို့နယ်၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့်မို ခါမုန်တိုင်းသင့်ကျေးရွာများ၏ ဆားငန်ရေဝင်ရောက်သည့် မြေသားရေကန်များမှ ရေများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေစုပ် စက်များဖြင့် ရေများအားစုပ်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

သံတွဲမြို့အတွင်းရှိ လေဘေးသင့်သာသနိက အဆောက်အအုံများအား ကြည့်ရှုစစ်ဆေးပြီး ဆွမ်းဆန်တော်နှင့်အမိုးသွပ်ပြားများ ပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉နာရီက သံတွဲမြို့နယ် ဥယျာဉ်ပြင်ကျေးရွာ မင်္ဂလာရာမဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကာ လေဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ဓမ္မာရုံပြန်လည်ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်မိုးရန်လိုအပ်သည့် အမိုးသွပ်ပြား (၄၈)ချပ်နှင့် ဆွမ်းဆန်တော်(၁)အိတ်၊ ဆီတစ်ပုံးတို့ကို့လှူဒါန်းခဲ့သည်။

ဗိုလ်မှူးချုပ်ခင်ဇော် မင်းပြားမြို့နယ်အတွင်းရှိစာသင်ကျောင်းများ အချိန်မီ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများအား တွေ့ဆုံမှာကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော်သည် ယမန်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ် ပညာရေးမှူးရုံးခန်းမတွင် ဆရာ၊ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ဆောက်လုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံကာ ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းအဆောက်အဦများအား ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အ.ထ.က (မိုင်းခတ်)၊ နီလာဆောင်ခန်းမ၌ ယနေ့နံနက်( ၉)နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရာဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်း သားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်‌ သီဆိုဖွင့်လှစ်ခဲ့ကြသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများအား လေဘေးသင့်ပြည်သူများလက်ဝယ်သို့ စနစ်တကျအမြန်ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးပေါင်းစပ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများ သယ်ဆောင်လာသော ပြည်တွင်းရေကြောင်းပိုင် ကုလားတန်(၆)သင်္ဘောသည် ယမန်နေ့နံနက် (၈)နာရီ (၃၀)မိနစ် အချိန်က မြေပုံမြို့၊ ငုပင်လယ်ဆိပ်ကမ်းသို့ရောက်ရှိပြီး မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က စားရေးရိက္ခာများအား ဖွင့်ဖောက်စစ်ဆေးလက်ခံရယူပြီး  အ.ထ.က (မြေပုံ)၊ ဦးစိန္တာခန်းမသို့ ပြောင်းရွှေ့သည်။
Subscribe to ရခိုင်ပြည်နယ်