မြေပုံမြို့၌ လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့်အလှူရှင်များ ထောက်ပံ့သော ပစ္စည်း(၁၃)မျိုးအား လေဘေးသင့်ပြည်သူများသို့ အမြန်ရောက်ရှိရေး မြို့နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြေပုံ မေ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ လေဘေးသင့်ပြည်သူများ အမိုး/အကာအောက် လုံခြုံစွာရောက်ရှိနိုင်ရေးနှင့် စာဝတ်နေရေး အဆင်ပြေစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ပစ္စည်း(၁၃)မျိုး တင်ဆောင်လာသည့် တပ်မတော်ကမ်းထိုးရေယာဉ်မှ ပစ္စည်းများအား မြို့မဆိပ်ခံတံတားသို့ တင်ဆောင်ပြီး ဖွင့်ဖောက် စစ်ဆေးလက်ခံ၍ လမ်းဦးစီးဌာန၊ ပစ္စည်းသိုလှောင်ရုံသို့  ပြောင်းရွှေ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က တပ်မတော်ကမ်းထိုး ရေယာဉ်ဖြင့် မြေပုံမြို့သို့ ရောက်ရှိလာသော သွပ်ပြား(၄၀၀၀)ချပ်၊ ခေါင်မိုးသံ(၂၁၀)ဖာ၊ အိမ်ရိုက်သံမျိုးစုံ (၅၀)ထုပ်၊ ခေါက်ဆွဲခြောက်(၇၁၇၂)ထုပ်၊ သွားတိုက်ဆေးဗူး(၇၅)ဂရန်ပါ(၃၀၀၀)ဗူး၊ သွားတိုက်ဆေးဗူး (၂၅)ဂရန်ပါ(၃၀၀၀)ဗူး၊ သွားပွတ်တံ(၁၂၅၀)ချောင်း၊ (၂၀)လီတာဆန့် ရေသန့်ဗူးခွံ(၅၀)လုံး၊ တာပေါ်လင် (၅၀)လိပ်၊ အိန္ဒိယထောက်ပံ့တာပေါ်လင်(၃၀)လိပ်၊ မိုးကာစ(၄၀)လိပ်၊ မိုးကာ(၆)ထုပ်နှင့် ဘေထုပ်(၇)ထုပ်တို့ကို အရေးပေါ်ပြည်သူများအား ဗဟိုပြုသော ဌာနအဆောက်အဦများ၊ စားဝတ်နေရေး ခက်ခဲနေသော လေဘေးသင့်ပြည်သူများထံသို့ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်ရေး ညှိနှိုင်းဆွေးနွေး ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)