ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော လျှပ်စစ်ဓာတ်တိုင်များ၊ မီးကြိုးများနှင့် ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေးပြင်ဆင်ဆောင်ရွက်

ဘူးသီးတောင် မေ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုခါမုန်တိုင်း ကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ မီးကြိုးများနှင့်ဓာတ်အားလိုင်းများ ပျက်စီးနေခြင်းကို မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ကျေးရွာများအထိကွင်းဆင်းပြီး အမြန်ဆုံးပြီးစီးနိုင် ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်တာဝန်ခံဦးကျော်ခင် ဦးဆောင်မှုဖြင့်ဝန်ထမ်းများက ကျေးရွာများအလိုက် အုပ်စုခွဲ၍သွားရောက်ကာကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ပျက်စီးပြိုလဲသွားသော ဓာတ်တိုင်မျာအား၊ ဓာတ်တိုင်အသစ်များ အစားထိုးလှဲလှယ်ပေးခြင်း ပြုတ်ကျနေသော မီးကြိုးများအား ကြိုးဆက်ခြင်း၊ wire များ Binding ဖြင့် ချည်နှောင်ခြင်းများဆောင်ရွက်ပေးပြီး လျှပ်စစ် ဓာတ်အားများ ပုံမှန်ဖြန့်ဝေပေးသည့်အခါအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးကြိုးများစစ်ဆေးပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားခွဲရုံမှ ဓာတ် အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အမြန်ဆုံးပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)