မင်းပြား မေ ၂၈
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ်၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့်မို ခါမုန်တိုင်းသင့်ကျေးရွာများ၏ ဆားငန်ရေဝင်ရောက်သည့် မြေသားရေကန်များမှ ရေများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေစုပ် စက်များဖြင့် ရေများအားစုပ်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါမုန်တိုင်းကြောင့် အိုင်ဝန်း၊ ကျွဲတက်၊ ခေါင်းလောင်းချောင်း၊ ကြောင်ရှည်ချောင်း၊ ချောင်းရှည်ကျေးရွာ( ၁၅ )ရွာရှိမြေသားရေကန်(၃၁ ) ကန်တွင် ဆားငန်ရေများဝင်ရောက်ခဲ့ပြီး ၄င်းဆားငန်ရေများအားမိုးမကျမီ အမြန်ဆုံးရေစုပ် စက်များဖြင့်စုပ်ထုတ်ယူလျက်ရှိရာ ယနေ့ အထိ ရေစုပ်ပြီးသည့် ရေကန်(၁၉)ကန်၊ ရေစုပ်ယူနေသည့်ရေကန်(၆)ကန်နှင့် ရေစုပ်ရန်ကျန်ရှိ သည့်ရေကန်(၆)ကန်အား အချိန်မီအမြန်ဆုံးရေစုပ်ယူနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာလူထု၊လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သောင်းရွှေ (ပြန်/ဆက်)