မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများအား လေဘေးသင့်ပြည်သူများလက်ဝယ်သို့ စနစ်တကျအမြန်ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးပေါင်းစပ်ဆောင်ရွက်

မြေပုံ မေ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများ သယ်ဆောင်လာသော ပြည်တွင်းရေကြောင်းပိုင် ကုလားတန်(၆)သင်္ဘောသည် ယမန်နေ့နံနက် (၈)နာရီ (၃၀)မိနစ် အချိန်က မြေပုံမြို့၊ ငုပင်လယ်ဆိပ်ကမ်းသို့ရောက်ရှိပြီး မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က စားရေးရိက္ခာများအား ဖွင့်ဖောက်စစ်ဆေးလက်ခံရယူပြီး  အ.ထ.က (မြေပုံ)၊ ဦးစိန္တာခန်းမသို့ ပြောင်းရွှေ့သည်။

သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံသော ဆန်(၁၀၄၅)အိတ်၊ ဆီ(၅)လီတာဗူး(၂၅၇)ဗူး၊ ခေါက်ဆွဲခြောက်(၆၅)ဖာ၊ ဘဲဥ (၂၂၅၀)လုံး၊ သွားတိုက်ဆေး (၂၂၀၀)ဗူး၊ သွားပွတ်တံ(၂၄၀)ချောင်း တို့ကို လေဘေးသင့်ပြည်သူများလက်ဝယ်သို့ အမြန်ရောက်ရှိရေး စနစ်တကျဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပေါင်းစပ်ဆောင်ရွက်ကြောင်း သိရသည်။

တင်ဝင်း(မြို့နယ်(ပြန်/ဆက်)