မိုင်းခတ် မေ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အ.ထ.က (မိုင်းခတ်)၊ နီလာဆောင်ခန်းမ၌ ယနေ့နံနက်( ၉)နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရာဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်း သားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက်စစ်ဗျူဟာ(အဖွဲ့)အခြေချ(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သင်ထောက်ကူပစ္စည်းများ၊ အခမဲ့ကျောင်းသုံး ပုံနှိပ်များ၊ အခမဲ့ဗလာစာအုပ်များအား တာဝန်ရှိသူများက ပေးအပ်ရာဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကလက်ခံရယူပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှမင်းနိုင် ကကျေးဇူးတင်စကားပြောကြား၍ ကျောင်းသားကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့် အခမ်းအနားကိုပိတ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့စစ်ဗျူဟာ(အဖွဲ့) အခြေချ(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)