မင်းပြားမြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသန့်ရှင်းသောသောက်သုံးရေများဆက်လက်ဖြန့်ဝေ

မင်းပြား မေ ၂၈

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့်သောက်သုံးရေခက်ခဲနေသည့် မြို့နယ်များတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်းသောသောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင်လည်း မိုခါမုန်တိုင်းသင့်ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေသန့်စင်ကားယာဥ်အမှတ်1P 9502 (ပဲခူး)ဖြင့်ဒေသခံပြည်သူ ၃၇၂၀၀ဦးအတွက် သန့်ရှင်းသောသောက်သုံးရေဂါလံ ၃၈၈၀၀ ဂါလံအားမေ၂၁ ရက်မှ မေ၂၈ ရက်နေ့ထိမြို့ပေါ်ရပ် ကွက် ၈ခုတွင် ဖြန့်ဝေပေးလျက်ရှိရာ ဒေသခံပြည်သူများက ကျေးဇူးတင်လျက်ရှိပြီး ကျေးရွာများသို့လည်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်​ကြောင်း သိရသည်။

သောင်းရွှေ (ပြန်/ ဆက်)